ယူကရိန်းအား မည်သည့်အချိန်တွင် စစ်ရေးအကူအညီများ ပေးနိုင်မည်ဆိုခြင်းကို မခန့်မှန်းနိုင်သေးကြောင်း အမေရိကန်ထိပ်သီး အရာရှိတစ်ဦး ပြောကြား
ယူကရိန်းအတွက် အကူအညီပေးမယ့် ဒေါ်လာ ၆၀ ဘီလျံတန်ကြေးရှိတဲ့ စစ်ရေးအကူအညီတွေကို လွှတ်တော်မှာ အတည်မပြုနိုင်သေးဘဲ ရပ်တန့်နေမှုနဲ့အတူ အမေရိကန်အစိုးရအနေနဲ့ ယူကရိန်းအတွက် အဲဒီအကူအညီတွေကို မည်သည့် အချိန်မှာ ပေးနိုင်လိမ့်မယ်ဆိုတာကို မခန့်မှန်းနိုင်သေးကြောင်း အိမ်ဖြူတော်ထိပ်သီးအရာရှိတစ်ဦးက မတ် ၂၀ ရက်မှာ ပြောကြား ခဲ့ပါတယ်။