(၆)လအတွင်း ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အားလုံး၌ လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်မည်
ခြောက်လအတွင်း ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တွေအားလုံးမှာ လူငယ်ရေးရာကော်မတီတွေ ဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်နေပြီး မြို့နယ် ကော်မတီတွေ ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒတွေ မိတ်ဆက်ခြင်းနဲ့ လူငယ်ရေးရာ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ခြင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း ဒေသကြီး လူငယ်ရေးရာ ကော်မတီ အတွင်းရေးမှူးက ပြောကြားပါတယ်။