ကော့ဘိန်းတိုက်နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူအများအပြား နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေရ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းတိုက်နယ် (ကော့ဘိန်းကျေးရွာ) အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူအများအပြား နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေရပြီး၊ နေအိမ်များ မီးလောင်ပျက်ဆီးမည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။