သထုံမြို့နယ်၊ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် လူနာတင်ယာဉ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသည့်အတွက် ယာဉ်မောင်းနှင့်လူနာတို့ ဒဏ်ရာများရရှိ
သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းမှာ မတ် ၂၇ ရက်ည ၁၀ နာရီ ခွဲခန့်က လူနာတင်ယာဉ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံခဲ့ရတဲ့အတွက် ယာဉ်မောင်းဖြစ်သူနဲ့ လူနာဖြစ်သူတို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။