အတိုက်အခံခေါင်းဆောင်ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ အမေရိကန်၏ ပြောဆိုမှုကို အိန္ဒိယပြင်းပြင်းထန်ထန် ကန့်ကွက်
အိန္ဒိယရဲ့ အဓိကအတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နယူးဒေလီဝန်ကြီးချုပ် အာဗင်ကတ်ဂျ်ရီဝါ ဖမ်းဆီးခံရမှုအပေါ် အမေရိကန်ရဲ့မှတ်ချက်ပြုပြောဆိုမှုကို အိန္ဒိယက ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။