ထိုင်းနိုင်ငံ အရှေ့ပိုင်း ၊ ရယောင်းပြည်နယ်ရှိသံထည်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကရိန်းပြိုကျပြီး မြန်မာလုပ်သားခြောက်ဦးနှင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံး
ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ရယောင်းပြည်နယ်မှာရှိတဲ့ သံထည်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်က လုပ်ငန်းခွင်အတွင်း ကရိန်းပြိုကျပြီး မြန်မာလုပ်သား ၆ ဦးနဲ့ တရုတ်နိုင်ငံသားတစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။