ဂါဇာအကူအညီဖြန့်ချိသည့်နေရာတွင် ပစ်ခတ်မှုများနှင့်လူအုပ်ကသောင်းကနင်းဖြစ်မှုများကြောင့် လူသေဆုံးမှုများ ရှိခဲ့
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ခြောက်လနီးပါးကြာ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် လူပေါင်းသန်းချီ အကူ အညီတွေ အလွန်အမင်းလိုအပ်လျက်ရှိချိန်မှာ မတ် ၃၀ ရက်က အကူအညီဖြန့်ချိတဲ့နေရာမှာ ပစ်ခတ်မှုတွေနဲ့ လူအုပ်ကသောင်း ကနင်းဖြစ်မှုတွေကြောင့် လူသေဆုံးမှုတွေရှိခဲ့ကာ လခြမ်းနီအသင်းရဲ့ ဆေးဘက်အကူတစ်ဦးကတော့ လူငါးဦးသေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။