အိန္ဒိယတွင် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများစတင်နေစဉ် မြို့တော်နယူးဒေလီ၌ လူထောင်ချီ စုဝေးဆန္ဒပြ(ရုပ်သံ)
အိန္ဒိယအတိုက်အခံပါတီများဖြင့် ဖွဲ့စည်းထားသည့် မဟာမိတ်အုပ်စုသည် မတ်လ ၃၁ ရက်က ၎င်းတို့၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများကို စတင်ခဲ့ပြီး စုဝေးဆန္ဒပြပွဲကြီးတစ်ခု စီစဉ်ပြုလုပ်ကာ ဧပြီလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီဝန်ကြီးချုပ်နရင်ဒရာမိုဒီ၏ အစိုးရသည် အတိုက်အခံများ ကို ဖိနှိပ်နေပြီး ဒီမိုကရေစီစနစ်ကို မှေးမှိန်အောင် လုပ်နေသည်ဟု ဝေဖန်ပြစ်တင်ခဲ့သည်။