အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေးအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိခြင်းအပါအဝင် ရွှေရောင်းဝယ်သူများလိုက်နာရမည့် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိသည့် ရန်ကုန်တိုင်းဒေသကြီးမှ မောင်ကိန်းရွှေဆိုင်၊ နယူးတိုင်စင်ရွှေဆိုင်၊ ခရမ်းသုံးခွရွှေဆိုင်နှင့် မန္တလေးတိုင်းဒေသကြီးမှ ရွှေစင်ဝင်း ရွှေသန့်စင်လုပ်ငန်း၊ ရွှေမင်းသား ရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ် ရွှေရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာရွှေ ရွှေဆိုင်လုပ်ငန်းများအား လိုအပ်သည့်အရေးယူမှုများကို သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ထားကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်သည်။
မောင်ကိန်း၊ နယူးတိုင်စင်အပါအဝင် ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရွှေဆိုင် ခုနစ်ဆိုင်အား လုပ်ငန်းယာယီရပ်ဆိုင်းကြောင်း ဗဟိုဘဏ် ထုတ်ပြန်