ထိုင်ဝမ်၌ ၂၅ နှစ်အတွင်း အပြင်းထန်ဆုံး မြေငလျင်လှုပ်ခဲ့သဖြင့် အနည်းဆုံးလူ ခုနစ်ဦးသေဆုံးပြီး လူ ၇၀၀ ကျော် ဒဏ်ရာရ (ရုပ်သံ)
မဂ္ဂနီကျု ၇ ဒသမ ၂ ရှိတဲ့ မြေငလျင်ဟာ ထိုင်ဝမ်ကျွန်းရဲ့ အရှေ့ကမ်းရိုးတန်းမှာ လှုပ်သွားခဲ့ပြီးနောက် အနည်းဆုံးလူ ခုနစ်ဦးသေဆုံးခဲ့ပြီး လူ ၇၀၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဧပြီ ၃ ရက်မှာ ထိုင်ဝမ်မီးသတ်ဌာနက ပြောကြားခဲ့ပါတယ်။