ဘားအံမြို့နယ်၊ ဒူရိန်ကျေးရွာရှိ ကွမ်ဖော်ကားကူးဆိပ်ကမ်းတွင် မော်တော်ယာဉ်တစ်စီး လှိုင်းဘွဲ့ချောင်းအတွင်းထိုးကျခဲ့ပြီး ပျောက် ဆုံးနေသောယာဉ်မောင်းကို ဧပြီ ၇ ရက်မွန်းလွဲပိုင်းအထိ ရှာမတွေ့သေး
ဘားအံမြို့နယ်၊ ဒူရိန်ကျေးရွာမှာရှိတဲ့ ကွမ်ဖော်ကားကူးဆိပ်ကမ်းမှာ ဧပြီလ ၅ ရက် ညနေပိုင်းအချိန်က မော်တော်ယာဉ် တစ်စီး လှိုင်းဘွဲ့ချောင်းအတွင်း ထိုးကျခဲ့ရာ ယာဉ်မောင်းပျောက်ဆုံးခဲ့ပြီး ၎င်းကို ဒီကနေ့ ဧပြီ ၇ ရက်နေ့ မွန်းလွဲပိုင်းအထိ ရှာ မတွေ့သေးဘူးလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံခရိုင်) ထံကနေ သိရပါတယ်။