မြဝတီမြို့ကို စစ်မဲ့ဇုန်သတ်မှတ်ပေးရန် မေတ္တာရပ်ခံကြောင်း စစ်ဘေးရှောင်များက ဆန္ဒထုတ်ဖော်တောင်းဆို
မြန်မာ-ထိုင်းနယ်စပ်မြဝတီ မြို့အား စစ်မဲ့ဇုန်သတ်မှတ်ပေးရန်အတွက် မြဝတီမြို့တွင် လာရောက်စစ်ဘေးရှောင်နေသော အခြားမြို့များမှ စစ်ဘေးရှောင်ပြည်သူများနှင့် မြဝတီမြို့ဒေသခံများပါဝင်သည့် အင်အား ၅၀၀ ကျော်က ဧပြီ ၉ ရက် ညနေပိုင်းက မြဝတီမြို့ အမှတ်(၁)ရပ်ကွက်ဘောလုံးကွင်း၌ တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။