၂၀၂၄ ခုနှစ် မတ်လသည် ၁၀ လ ဆက်တိုက် စံချိန်တင်ပူပြင်းသောလဖြစ်သည်ဟု ဥရောပရာသီဥတု စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်
မတ်လသည် စံချိန်တင်အပူဆုံးလဖြစ်ပြီး ဆယ်လဆက်တိုက် သမိုင်းဝင်အပူဆုံးလဖြစ်သည်ဟု ဥရောပရာသီဥတုစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ကော်ပါနိကပ်စ် ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်ရေးအဖွဲ့က ဧပြီ ၉ ရက်တွင် ပြောကြားခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အပူချိန်များသည်လည်း အပူစံချိန်သစ် များတင်ခဲ့သည်ဟု ဆိုသည်။