အီရတ်နိုင်ငံတွင် အီရန်လိုလားသည့် လက်နက်ကိုင်ညွန့်ပေါင်းအဖွဲ့ တပ်စွဲထားသည့် စစ်စခန်းတစ်ခု ဗုံးကြဲတိုက်ခိုက်ခံရ
အီရတ်နိုင်ငံမှာ အီရန်လိုလားတဲ့ လက်နက်ကိုင်ညွန့်ပေါင်းအဖွဲ့ တပ်စွဲထားတဲ့ စစ်စခန်းတစ်ခုဟာ ဧပြီ ၁၉ ရက် ညပိုင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် လူအချို့ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်နှစ်ခုက ဧပြီ ၂၀ ရက်အစောပိုင်းမှာ ပြော ကြားခဲ့ပါတယ်။