အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များရှိရာ ဆီးရီးယားစစ်အခြေစိုက်စခန်းကို အီရတ်မှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်
အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေကို နေရာချထားပေးတဲ့ ဆီးရီးယားအခြေစိုက်စခန်းတစ်ခုကို ဧပြီ ၂၁ ရက် ညပိုင်းမှာ အီရတ်မြောက်ပိုင်းကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အီရတ်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။