MNDAA ထိန်းချုပ်သည့် လောက်ကိုင်မြို့တွင် ပြစ်မှုအမျိုးမျိုးဖြင့် အမျိုးသားသုံးဦးကို သေဒဏ်ပေးပြီး ခုနစ်ဦးအား ထောင်ဒဏ် ချမှတ်
လောက်ကိုင်မြို့မှာ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှုအပါအဝင် ပြစ်မှုအမျိုးမျိုးနဲ့ အမျိုးသားဆယ်ဦးကို ဧပြီ ၂၄ ရက်မှာ MNDAA အဖွဲ့က ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၎င်းတို့အနက် သုံးဦးကို သေဒဏ်ပေးခဲ့ကြောင်း ကိုးကန့်သတင်းအေဂျင်စီရဲ့ ဖော်ပြမှုအရ သိရပါတယ်။