သမ္မတဟောင်း ဦးသိန်းစိန် ဘီလူးကျွန်းချောင်းဆုံမြို့နယ် ကွမ်ရိုက်ရွာရှိ ဆံတော်ရှင်ကျိုက်တမော့လဲ့စေတီတော်တွင် ပန်းပေါင်းစုံဘုရား-၂၅ဝဝဆူ၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်း
သမ္မတဟောင်းဦးသိန်းစိန်၊ ဒုသမ္မတဟောင်း ဦးဉာဏ်ထွန်းတို့ပါဝင်တဲ့ မွန်ပြည်နယ်(ပြည်ခိုင်ဖြိုး)ပါတီ ခေါင်းဆောင် တို့ဟာ ဘီလူးကျွန်းချောင်းဆုံမြို့နယ်၊ကွမ်ရိုက်ရွာရှိ ဆံတော်ရှင် ကျိုက်တမော့လဲ့ စေတီတော်သို့ နိုဝင်ဘာ ၂၂နံနက်ပိုင်းမှာ ရောက်ရှိပြီး၊ပန်းပေါင်းစုံဘုရား-၂၅ဝဝဆူ၊ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။