ကျိုက်ထိုမြို့နယ် ရှိ အကျဉ်းဦးစီးဌာနပိုင် ရွှေဖြူရော်ဘာ ကုန်ထုတ်အကျဉ်းစခန်း တာဝန်ခံ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာရှိ အကျဉ်းဦးစီးဌာနပိုင် ရွှေဖြူရော်ဘာ ကုန်ထုတ်အကျဉ်းစခန်း တာဝန်ခံဖြစ်သူ လက်ထောက်ညွန်ကြားရေးမှူး ဦးစင်းအောင် မှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။