ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို မတ် ၁၇ ရက် နောက်ဆုံးထားရွှေ့ပြောင်းပေးရန် ကရင်နီပြည်လူငယ်များအင်အားစုက အသိပေးစာထုတ်ပြန်ပြီးနောက် ကြေးရုပ်ထားရှိရာ ကန္ဒာဟေဝန်ပန်းခြံအား လုံခြုံရေးတိုးမြှင့်နေ
ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားရွှေ့ပြောင်းပေးဖို့ ကရင်နီပြည်လူငယ် အင်အားစုတွေမှ ကယားပြည်နယ် အစိုးရကို နောက်ဆုံးသတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် ကြေးရုပ်ထားရှိရာ ကန္ဒာဟေဝန် ပန်းခြံအား မတ်လ ၁၄ ရက်နေ့ ညနေပိုင်းက လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။