ရန်ကုန် - မန္တလေးအမြန်လမ်းတွင် မော်တော်ယာဉ်တစ်စီးဘရိတ်ရှူး အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၁၃ မိုင်အနီးမှာ ဒီကနေ့ မေ ၁၃ ရက် နံနက်အစောပိုင်းက မန္တ လေးဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ ၆ ဘီးမော်တော်ယာဉ်တစ်စီး ဘရိတ်ရှူးအပူလွန်ကဲရာကနေ မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါသူတွေ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ထံက သိရပါတယ်။