သင်္ဃန်းညီနောင်နှင့် မြဝတီပတ်ဝန်းကျင်မှ စစ်ဘေးရှောင်လာသူများ နှစ်လကျော်လာသည့်တိုင် နေအိမ်သို့ မပြန်နိုင်သေး
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲကြောင့် စစ် ရှောင်လာသူတွေဟာ နှစ်လကျော်လာတဲ့တိုင်အောင် မိမိနေရပ်အိမ်ကို မပြန်နိုင်သေးဘဲ ရက်လ ကြာရှည်လာတာနဲ့အမျှ စား သောက်ရေးခက်ခဲမှုတွေရှိလာတယ်လို့ လူမှုကယ်ဆယ်ရေး ပြုလုပ်နေသူတွေထံက သိရပါတယ်။