အင်ဒိုနီးရှားနိုင်ငံ၏ ဆူမာတြားကျွန်းပေါ်တွင် ရုတ်တရက်ရေကြီးမှုများကြောင့် သေဆုံးသူစုစုပေါင်းသည် ၅၀ အထိရှိလာပြီး လူ ၂၇ ဦး ပျောက်ဆုံးလျက်ရှိ
လွန်ခဲ့သော သီတင်းပတ်ကုန်တွင် အင်ဒိုနီးရှား၏ဆူမာတြားကျွန်းပေါ်တွင် အနည်းဆုံးလူ ၅၀ သေဆုံးခဲ့ပြီး နောက်ထပ်လူ ၂၇ ဦးပျောက်ဆုံးနေသည့် ရုတ်တရက်ရေကြီးမှု များ၊ရေနှင့်အတူမီးတောင်ကျောက်များ ရော ၍စီးဆင်းလာမှုများဖြစ်ပွားခဲ့ပြီးနောက် မေ ၁၄ ရက်တွင် ကယ်ဆယ်ရေးသမားများသည် နောက်ထပ်အလောင်းများကို ပြန်လည်ရရှိထားသည်ဟု အင်ဒိုနီးရှားဘေး အန္တရာယ် အေဂျင်စီကထုတ် ပြန်ခဲ့သည်။