သုံးနှစ်ကျော်အတွင်း ရထားလမ်းနှင့်ရထားဘူတာ ဗုံးထောင်မိုင်းခွဲခံရမှု ၂၀၅ ကြိမ်၊ ရထားတံတား/သံလမ်းများ မိုင်းခွဲခံရမှု ၁၆၃ ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ် မီးရှို့ခံရမှု ၄၂ ကြိမ်ရှိကြောင်း မြန်မာ့မီးရထား ထုတ်ပြန်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် မေ ၂၁ ရက်အထိ သုံးနှစ်ကျော်အတွင်း ရထားလမ်းနဲ့ ရထားဘူတာ ဗုံးထောင်မိုင်းခွဲခံရမှု ၂၀၅ ကြိမ်၊ ရထားတံတား/သံလမ်းတွေ မိုင်းခွဲခံရမှု ၁၆၃ ကြိမ်၊ ဘူတာအဆောက်အအုံနဲ့ ဝန်ထမ်းနေအိမ် မီးရှို့ခံရမှု ၄၂ ကြိမ်ရှိကြောင်း မြန်မာ့မီးရထားက သတင်းထုတ်ပြန်ပါတယ်။