အိန္ဒိယတွင် ဆိုးရွားပြင်းထန်သည့်အပူလှိုင်းကျရောက်ပြီး အပူချိန် ၄၇ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်
အိန္ဒိယနိုင်ငံမှာ ဆိုးရွားပြင်းထန်တဲ့ အပူလှိုင်းကျရောက်နေမှုနဲ့အတူ အပူချိန်ဟာ ၄၇ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့ပြီးနောက် ဒေလီမြို့တော်မှာ နွေရာသီကျောင်းပိတ်ရက်အတွက် စာသင်ကျောင်းတွေကို စောလျင်စွာပိတ်ဖို့ အာဏာ ပိုင်တွေက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။