မိုင်းခွဲခံရသည့် ကျုံအိတ်တံတားပေါ်တွင် ယာယီဘေလီတံတားထိုးပြီး၍ ယာဉ်များဖြတ်သန်းနိုင်ပြီဖြစ်သော်လည်း ကားလမ်းပိတ် ဆို့မှု ယနေ့အထိ ဆက်လက်ဖြစ်ပေါ်နေ
ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံထားရတဲ့ ကျုံအိတ်တံတားပေါ်မှာ ယာယီဘေလီ တံတား ထိုးတဲ့လုပ်ငန်း ပြီးစီးသွားပြီဖြစ်တာကြောင့် မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ပေမယ့်လည်း ကားလမ်း ပိတ်ဆို့မှုဟာ ဒီကနေ့ မေလ ၃၀ ရက်နေ့အထိ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။