မတ်လ၁၅ရက်နေ့ ညပိုင်းသတင်းအစီအစဉ် (ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု)
- တပ်မတော်နှင့်တိုက်ပွဲများဖြစ်ပွားနေသည့် AA အဖွဲ့အပါအဝင် မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် KNPP တို့ကို ငြိမ်းချမ်းရေးဆွေးနွေးရန် NRPC ဖိတ်ကြား
- မိခင်ဖြစ်သူကို ဆဲဆိုပုတ်ခတ်သောကြောင့်ဟုဆိုကာ မြောင်းမြအကျဉ်းထောင်အတွင်း အကျဉ်းသားအချင်းချင်း လူသတ်မှုဖြစ်ပွားခဲ့
- နယူးဇီလန်နိုင်ငံတွင် ဗလီနှစ်ခု ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ၄၉ဦးထက်မနည်း ရှိလာခဲ့ပြီး ၂ဝကျော် ဒဏ်ရာရရှိ
- Facebook ကုမ္ပဏီ၏ Chief Product Officer အပါအဝင် ထိပ်တန်းအမှုဆောင်နှစ်ဦး ရာထူးမှနုတ်ထွက် အစရှိတဲ့ ပြည်တွင်း၊ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။