ဇွန်လ ၈ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
- မြန်မာ့အရေးတွင် ဦးစားပေးကိစ္စများအဖြစ် ယုံကြည်မှုတည်ဆောက်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် စေ့စပ်ဆွေးနွေးရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးတို့ကို အားပေးရန်ဖြစ်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်နှင့်တွေ့ဆုံစဉ် ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်သံအမတ် ပြောကြား
- မင်းဘူးမြို့နယ်၊ထောင်ရှာပင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ဘိလပ်မြေအိတ်များတင်ဆောင်လာသော CP တွဲသင်္ဘောက တံတားတိုင်အား ဝင်ရောက်ပွတ်တိုက်မိပြီး ဝမ်းဗိုက်ပေါက်၍ ရေဝင်ရောက်ကာ နစ်မြုပ်မှုဖြစ်ပွား
- အထောက်အထားမဲ့ရွှေ့ပြောင်းများကို တင်းကျပ်စွာကိုင်တွယ်နေသည့် မလေးရှားအာဏာပိုင်များ၏ လုပ်ဆောင်မှုများ ကို လူ့အခွင့် အရေးအဖွဲ့များက စိုးရိမ်နေ
- ဂါဇာရှိ နူဆေးရတ်တွင် ကုလသမဂ္ဂဖွင့်ထားသော စာသင်ကျောင်းကို အစ္စရေးတိုက်ခိုက်ခြင်းကြောင့် အနည်းဆုံး လူ ၃၇ ဦး သေဆုံး
- လက်စတာအသင်း အမှတ်လျှော့ခံရဖွယ်ရှိ