ဇွန်လ ၁၀ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
- ဘီးလင်းမြို့နယ်၊ ပေါက်ကွဲကျေးရွာရှိ နာရေးအိမ်တွင်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရ
- သာကေတမြို့နယ်နှင့်သန်လျင်မြို့နယ်ကို ဆက်သွယ်ထားသည့် သန်လျင်တံတားဖြတ်သန်းခ ဇွန် ၁၅ မှစ၍ ကောက် ခံမည်
- မြောက်ကိုရီးယားက နယ်စပ်တွင် အမှိုက်များပါသည့် ရာနှင့်ချီသောမိုးပျံပူဖောင်းများ ထပ်မံလွှတ်တင်
- အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ အဓိကပြိုင်ဘက်ဖြစ်သူ ရာဟူးဂန္ဓီ အတိုက်အခံခေါင်းဆောင်အဖြစ် အဆိုပြုခံရ
- ယူရို -၂၀၂၄ ပြိုင်ပွဲတွင် ကစားသမားအများဆုံး ရွေးချယ်ခံရသည့် လိဂ်အဖြစ် ပရီးမီးယားလိဂ် ရပ်တည်