မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်မှုကြောင့် ကျိုက်ထီရိုးတောင်ခြေ ကင်မွန်းစခန်းဂေါပကအဖွဲ့ရုံအရှေ့ရှိ ညောင်ပင်ကြီး အမြစ်မှ ကြွ တက်၍ လဲကျခဲ့ရာ ဈေးဆိုင်ခန်းတစ်ခန်းနှင့် လျှပ်စစ်မီးတိုင်များ ပြိုကျပျက်စီးခဲ့
မိုးရွာသွန်မှုတွေနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် ဒီကနေ့ ဇွန်လ (၁၀) ရက်နေ့၊ နံနက် (၇) နာရီခန့်က မွန်ပြည်နယ်၊ ကျိုက် ထိုမြို့နယ်၊ ကျိုက်ထီရိုးတောင်ခြေ၊ ကင်မွန်းစခန်း ဂေါပကအဖွဲ့ရုံးအရှေ့မှာရှိတဲ့ ညောင်ပင်ကြီးမှာ အမြစ်ကနေကြွတက်ပြီး လဲကျ ခဲ့ရာ ဈေးဆိုင်ခန်း (၁) ခန်းနဲ့ လျှပ်စစ်မီးတိုင်တွေ ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။