မာလာဝီနိုင်ငံ၏ ဒုတိယသမ္မတ လိုက်ပါသွားသည့် စစ်လေယာဉ်သည် ဇွန် ၁၀ ရက် နံနက်ပိုင်းက နိုင်ငံမြောက်ပိုင်း မဇူဇူမြို့ အနီးတွင် ပျက်ကျခဲ့ပြီး ပျောက်ဆုံးသွားသဖြင့် ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ လေယာဉ်ကိုပြန်လည်တွေ့ရှိခဲ့သော်လည်း အသက်ရှင်ကျန်ရစ်သူ မရှိခဲ့ကြောင်း မာလာဝီသမ္မတ လာဇရက်စ် ချာကွီရာက ဇွန်လ ၁၁ ရက်မှာ အတည်ပြု ကြေညာခဲ့သည်။