အစ္စရေးက ဂါဇာတွင် ပေါင်ချိန်များသော ဗုံးများအသုံးပြုခြင်းသည် စစ်ပွဲစည်းမျဉ်း စည်းကမ်းများအရ စိုးရိမ်စရာဟု ကုလသမဂ္ဂပြောကြား

အစ္စရေးက ဂါဇာတွင် ပေါင်ချိန်များသော ဗုံးများအသုံးပြုခြင်းသည် စစ်ပွဲစည်းမျဉ်း စည်းကမ်းများအရ စိုးရိမ်စရာဟု ကုလသမဂ္ဂပြောကြား
Published 22 June 2024

လူဦးရေ ထူထပ်သော ဂါဇာကမ်းမြောင်၌ ပေါင်ချိန်များသော ဗုံးများကို အစ္စရေး အကြိမ်ကြိမ် အသုံးပြုခြင်းသည် စစ်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ကြိမ်ဖန်များစွာ ချိုးဖောက်နေခြင်းအား ညွှန်ပြလျက်ရှိသည်ဟု ဇွန် ၁၉ ရက်တွင် ကုလသမဂ္ဂက ပြောကြားခဲ့ပြီး ပေါင်ချိန်များသော ဗုံးများကိုအသုံးပြုသော တိုက်ခိုက်မှုခြောက်ခုတွင် အနည်းဆုံး လူ ၂၁၈ ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။