သထုံမြို့၊ မြန်မာနှစ်ခြင်းအသင်းတော်ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း၌ ထမင်းစားဆောင်ဆောက်လုပ်ရန် မြေတူးရာမှ ရှေးဟောင်းအုတ်ခွက်ဘုရားများ တူးဖော်တွေ့ရှိ
မွန်ပြည်နယ််၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ နတ်စင်လမ်းမှာရှိတဲ့ မြန်မာနှစ်ခြင်းအသင်းတော် ခရစ်ယာန်ဘုရားကျောင်း ဝင်းအတွင်းမှာ မတ်လ (၁၄) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်ခန့်က ထမင်းစားဆောင်ဆောက်လုပ်ဖို့ မြေတူးရာကနေ ရှေး ဟောင်းအုတ်ခွက်ဘုရားတွေ တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။