ဂါဇာအပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး မိမိတို့မဟာမိတ် ဟားမာ့စ်အဖွဲ့၏ ဆုံးဖြတ်ချက်ကို လက်ခံသွားမည်ဟု ဟစ်ဇ်ဘိုလာအဖွဲ့က ဆို
ဂါဇာအပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး မိမိတို့မဟာမိတ်ဟားမာ့စ်အဖွဲ့၏ ဆုံးဖြတ်ချက်ကို ဟစ်ဇ်ဘိုလာအဖွဲ့က လက်ခံသွားမည် ဖြစ်ကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးရရှိခဲ့မည်ဆိုပါက အစ္စရေးကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်နေမှုများ ရပ်တန့်သွားမည်ဖြစ်ကြောင်း ဟစ်ဇ်ဘိုလာအကြီးအကဲ ဟက်ဆန် နက်ဆရာလာက ဇူလိုင် ၁၀ ရက်တွင် ပြောကြားခဲ့သည်။