ယနေ့နံနက် တိုင်းတာချက်အရ ဧရာဝတီနှင့်ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေသဖြင့် မြို့နယ် ၁၈ မြို့နယ်အတွင်းရှိ နေထိုင်သူများ သတိပြုနေထိုင်ကြပါရန် မိုးဇလထုတ်ပြန်
ဒီကနေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်တိုင်းထွာချက်အရ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေတာကြောင့် စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဟင်္သာတ၊ ဇလွန်၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ၊ ဆိပ်သာမြို့နယ်တွေအတွင်း နေထိုင်သူတွေ သတိပြု နေ ထိုင်ကြပါဖို့ မိုးဇလက ထုတ်ပြန်ပါတယ်။