မြောက်ကိုရီးယားက လွှတ်တင်လိုက်သော အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများ တောင်ကိုရီးယားသမ္မတရုံး တည်ရှိသည့် ခြံဝင်းအတွင်းသို့ကျရောက်
မြောက်ကိုရီးယားက လွှတ်တင်လိုက်တဲ့ အမှိုက်အိတ်တွေပါရှိတဲ့ မိုးပျံပူဖောင်းတွေဟာတောင်ကိုရီးယားသမ္မတရုံး တည် ရှိတဲ့ ခြံဝင်းအတွင်း ဇူလိုင် ၂၄ ရက်က ကျရောက်ခဲ့တာကြောင့် တောင်ကိုရီးယားအာဏာပိုင်တွေဟာ ဓာတုပစ္စည်းတုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့တွေကို ဖြန့်ကြက်ချထားခဲ့ရတယ်လို့ လုံခြုံရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။