လားရှိုးမြို့ရှိ ၆၂၆ တပ်နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)အနီးတစ်ဝိုက်တွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားနေ (ရုပ်သံ)
လားရှိုးမြို့အတွင်း ဇူလိုင် ၂၈ ရက်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လတ်တလောသတင်းများအရ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အနီးနှင့် ၆၂၆ တပ်အနီးတစ်ဝိုက်တွင်လည်း နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများ ရှိနေကြောင်း ယနေ့ နံနက်ပိုင်း စုံစမ်းမှုများအရ သိရသည်။