ကျောက်မဲမြို့၌ စစ်ဘေးရှောင်စခန်း ၃၀ ကျော်၌ စစ်ဘေးရှောင်အရပ်သားပြည်သူ တစ်သောင်းခွဲကျော် အရေးပေါ် လူသားချင်းစာနာမှု အကူအညီနှင့် ဆေးဝါး၊စားနပ်ရိက္ခာ အဝတ်အထည်များ လိုအပ်နေ
တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသော ကျောက်မဲမြို့၌ ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ အရပ်သားပြည်သူ ၁၂၀ကျော် သေဆုံးခဲ့ပြီး ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ကာ စစ်ဘေးရှောင်စခန်း ၃၀ ကျော်၌ စစ်ဘေးရှောင်အရပ်သားပြည်သူ တစ်သောင်းခွဲကျော် အရေးပေါ် လူသားချင်းစာနာမှု အကူအညီနှင့် ဆေးဝါး၊စားနပ်ရိက္ခာ အဝတ်အထည်များ လိုအပ်နေကြောင်း ဒေသခံများထံကသိရသည်။