သထုံမြို့နယ်၊ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားငယ်တစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရပြီး ယာယီမြေဖို့ပြုပြင် ကာ မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြု
ဩဂုတ် ၂ ရက် နံနက်အစောပိုင်းက မိုင်းခွဲဖျက်ဆီးခံထားရတဲ့ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကွက်သစ် ကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ တံတားငယ်တစ်စင်းကို ယာယီမြေဖို့ပြုပြင်ကာ မော်တော်ယာဉ်တွေကို ဖြတ်သန်းသွားလာခွင့် ပြုထားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။