Ethiopian Airlines ၏ ပျက်ကျသွားသည့် ဘိုးရင်း 737 MAX 8 လေယာဉ် ဘလက်ဘောက်စ်များကို ကျွမ်းကျင်သူများ စတင်စစ်ဆေး
ပြင်သစ်နိုင်ငံရဲ့ လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတွေဟာ မတ်လ ၁၀ ရက်နေ့က အီသီယိုပီးယားနိုင်ငံ မြို့တော် အက်ဒစ်စ် အဘာဘာ အနီးမှာ ပျက်ကျသွားခဲ့တဲ့ Ethiopian Airlines ရဲ့ ဘိုးရင်း 737 MAX 8 လေယာဉ် ဘလက်ဘောက်စ်တွေကို စတင်စစ်ဆေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။