ကော့ကရိတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် အာရှလမ်းသစ်မှယာဉ်များ သွားလာခြင်းပိတ်ထားခဲ့သည်မှာ ကိုးလခန့် ကြာခဲ့ပြီး လမ်းကြမ်းများမှသွားလာနေရ၍ မြဝတီ - မော်လမြိုင်ခရီးသုံးရက်ခန့်ကြာကြောင်း သိရ
ကော့ကရိတ်ပတ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် အာရှလမ်းသစ်ကနေ မော်တော်ယာဉ်တွေ ခရီးသွားလာတာကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ကနေစပြီး ပိတ်ထားခဲ့တာဟာ အခုအခါ ကိုးလခန့်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ လမ်းကောင်းရှိလျက် တောလမ်းတွေကနေသွားနေရတာကြောင့် ယာဉ်မောင်းတွေနဲ့ ခရီးသွားတွေအတွက် များစွာနစ်နာကြောင်း ယာဉ်မောင်းတစ်ဦး က ပြောပါတယ်။