'ရန်ကုန်မြစ်ဝ Pilot ၌ ဆီတင်သင်္ဘောခြောက်စီး အသင့်စောင့်ဆိုင်းလျက်ရှိပြီး သီလဝါ ဆိပ်ကမ်းဒေသရှိ Jetty များတွင် သင်္ဘော (၄) စီး ရောက်ရှိဆိုက်ကပ်၍ ဓာတ်ဆီ/ဒီဇယ်ဆီများအား သိုလှောင်ကန်များတွင် ချယူဖြည့်တင်းလျက်ရှိဟုဆို (ရုပ်သံ)
စက်သုံးဆီတင်သင်္ဘောတွေ အဆက်မပြတ်ဝင်ရောက်နိုင်ဖို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြစ်ဝ Pilotမှာ ဆီတင်သင်္ဘော ခြောက်စီး အသင့်စောင့်ဆိုင်းလျက်ရှိတဲ့အပြင် သီလဝါဆိပ်ကမ်းဒေသမှာရှိတဲ့ Jetty တွေမှာ သင်္ဘောလေးစီး ရောက်ရှိဆိုက်ကပ် ပြီး ဒီဇယ်ဆီ တန် (၇၀ဝဝဝ) ကျော်နဲ့ ဓာတ်ဆီ တန် (၁၁ဝဝဝ) ကျော်ကို သိုလှောင်ကန်တွေမှာ ချယူဖြည့်တင်းလျက်ရှိတယ်လို့ နစကက ထုတ်ပြန်ပါတယ်။