စားအုန်းဆီဝယ်ယူခွင့်စာအုပ်များပြုလုပ်ပေးခြင်းကို ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များတွင် ယခုလအတွင်း ပြီးစီးအောင် ပြုလုပ် နေပြီး တနိုင်ငံလုံးတွင်လည်း ဆောင်ရွက်လျက်ရှိ
စားအုန်းဆီဝယ်ယူခွင့်စာအုပ်တွေပြုလုပ်ပေးတာကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တွေမှာ အခုလအတွင်းပြီးစီးအောင် ပြုလုပ်နေပြီး တနိုင်ငံလုံးမှာလည်း ဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက တာဝန် ရှိသူတစ်ဦးက ပြောကြားပါတယ်။