ဘီးလင်းမြို့နယ်တွင် တစ်ရက်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ခရီးသည်တင်ယာဉ် ပစ်ခတ်ခံရမှုကြောင့် တစ်ဦးဒဏ်ရာရရှိ
ဘီးလင်းမြို့နယ် သပြေနီကျေးရွာအတွင်း စက်တင်ဘာ ၉ ရက် နံနက် (၁၀) နာရီခွဲခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မြေးအဖွားနှစ်ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့သလို ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။