ထိုင်းနိုင်ငံကုန်းတွင်းပိုင်းဒေသများတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ထိုင်းကုန်းတွင်းပိုင်းနှင့် မြန်မာရှိ ကရင်နှင့် ကယားပြည်နယ်တို့ကို စတင်ဖြတ်ကျော်လျက်ရှိဟု မိုးဇလမှ အထူးသတင်းထုတ်ပြန် (ရုပ်သံ)
ထိုင်းနိုင်ငံကုန်းတွင်းပိုင်းဒေသတွေမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ဟာ ထိုင်းနိုင်ငံကုန်းတွင်းပိုင်းနဲ့ မြန်မာနိုင်ငံရှိ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့ကို စတင်ဖြတ်ကျော်လျက်ရှိတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းမှာ အထူးမိုးလေဝသသတင်းထုတ်ပြန်ခဲ့ပါတယ်။