မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး နိုင်ငံလုံးဆိုင်ရာ ကော်မတီကို အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ဖွဲ့စည်းသွားမည်ဟု ဆို
မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး နိုင်ငံလုံးဆိုင်ရာ ကော်မတီတစ်ရပ်ကို အသိပညာရှင် အတတ်ပညာရှင်တွေနဲ့ ဖွဲ့စည်းသွားမယ်လို့ ညီလာခံဖိတ်ကြားရေး ကော်မတီဝင် ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက မတ်လ ၁၇ ရက်နေ့က ပြောကြားပါတယ်။