ဗဟိုဘဏ်က တစ်ဒေါ်လာ ၃၅၅၄ ကျပ်ဖြင့် ဒေါ်လာ ၆ သန်းကျော်နှင့် ဘတ် သန်း၂၀၀ နီးပါး ထပ်မံရောင်းချခဲ့ပြီး ယခုလအတွင်း လက်ရှိအထိ ဒေါ်လာ ၃၄ သန်းကျော်၊ ယွမ် သုံးသန်းကျော်၊ ဘတ်သန်း ၂၆၀ ကျော် ရောင်းချထား
ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာကို ၃၅၅၄ ကျပ်နဲ့ အောက်တိုဘာ ၁၅ ရက်နေ့က ဒေါ်လာ ၆ သန်းကျော်နဲ့ ဘတ်သန်း ၂၀၀ နီးပါး ထပ်မံရောင်းချခဲ့ပြီး အောက်တိုဘာလအတွင်း လက်ရှိအချိန်အထိ ဒေါ်လာ ၃၄ သန်း ကျော်၊ ယွမ် သုံးသန်းကျော်၊ ဘတ်သန်း ၂၆၀ ကျော် ရောင်းချထားတယ်လို့ သိရပါတယ်။