တောင်ကိုရီးယားက ရုရှားသံအမတ်ကိုဆင့်ခေါ်ပြီး ရုရှားရှိ မြောက်ကိုရီးယားစစ်သားများကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆို
ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားကို အကူအညီပေးဖို့ မြောက်ကိုရီးယားက ရုရှားထံ စစ်သားတွေစေလွှတ်နေတဲ့ အ ခြေအနေနဲ့ပတ်သက်ပြီး တောင်ကိုရီးယားက အောက်တိုဘာ ၂၁ ရက်မှာ ရုရှားသံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး ဝေဖန်ပြစ်တင်ခဲ့ကာ အဲဒီ မြောက်ကိုရီးယားစစ်သားတွေကို ချက်ချင်းပြန်လည်ရုပ်သိမ်းဖို့ တိုက်တွန်းခဲ့တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောကြားခဲ့ပါတယ်။