တူရကီနိုင်ငံ၊ အန်ကာရာမြို့တော်အနီးမှာရှိတဲ့ နိုင်ငံပိုင်လေကြောင်းအာကာသနှင့်ကာကွယ်ရေးကုမ္ပဏီ TUSAS မှာ အောက်တိုဘာ ၂၃ ရက်က ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူလေးဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ တူရကီသမ္မတရီဆပ်တေးရစ်အာဒိုဂန်က ပြောကြားခဲ့ပါတယ်။