တရုတ်ဟက်ကာများက အမေရိကန်ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း ကာမလာဟဲရစ်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့နှင့် ဆက်နွှယ်သူများ၏ ဖုန်းများကို ပစ်မှတ်ထားတိုက်ခိုက် (ရုပ်သံ)
တရုတ်ဟက်ကာတွေဟာ အမေရိကန်ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း ကာမလာဟဲရစ်ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့နဲ့ ဆက်နွှယ်သူတွေအသုံးပြုတဲ့ဖုန်းတွေကို ပစ်မှတ်ထားပြီး Verizon ဆက်သွယ်ရေးကုမ္ပဏီရဲ့ စနစ်အတွင်း ကြားဖြတ်ဝင် ရောက်ခဲ့ကြောင်း ထိုအကြောင်းအရာနဲ့ နီးစပ်သူတစ်ဦးက အောက်တိုဘာ ၂၅ ရက်က ပြောကြားခဲ့ပါတယ်။