နိုဝင်ဘာလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းနှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ် မှာ ပိုမိုအားကောင်းပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်
နိုဝင်ဘာလအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းနှစ်ကြိမ်ဖြစ်ပေါ် နိုင်ပြီး တစ်ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၂၈ ရက်မှာ နိုဝင်ဘာလပတ်အတွက် မိုးလေဝသခန့်မှန်းချက်အနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။